Wednesday, April 11, 2012
Tuesday, April 10, 2012
ယောက်ျားလေးတွေအပေါ် မိန်းကလေးတွေ နားမလည်တဲ့အချက်

(၁) ယောက်ျားလေးတွေ ဘာဖြစ်လိုကြံ့ခိုင်ဖို့ ကြိုးစားသလဲဆိုတာကို
မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်ျားလေးတွေက အပြင်ပန်းကြံ့ခိုင်သလောက် အတွင်းစိတ်လည်း နုနယ်တယ်။ ကြံ့ခိုင်ဖို့ သူတို့ကြိုးစားတာက သူတို့ဟာအကောင်းဆုံးဆိုတာကို ကိုယ့်ချစ်သူ ခံစားစေချင်လို့ဖြစ်တယ်။
(၂) ယောက်ျားလေးတွေ ဘာဖြစ်လို့ အလွယ်တကူ မျက်ရည်မကျတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်ျားလေးတွေက မျက်ရည်မကျတတ်တာ မဟုတ်ဘူး။ သူတို့မျက်ရည်ကျပြီဆိုရင် ဒီအချစ်ဇာတ်လမ်းလည်း အဆုံးသတ်ပြီဆိုတာကို သူတို့သိလို့ဖြစ်တယ်။
(၃) စိတ်ရှုပ်တဲ့အခါတိုင်း ယောက်ျားလေးတွေ ဘာကြောင့်ဆေးလိပ်သောက်တယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်ျားလေးတွေက ကိုယ်မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့ထဲကနေ လှပတဲ့အမှတ်တရတွေကို ပြန်မြင်ယောင်စေပြီး စိတ်ကိုတည်ငြိမ်စေတယ်လို့ သူတို့နားလည်ထားလို့ဖြစ်တယ်။
(၄) ယောက်ျားလေးတွေဟာ လမ်းခွဲပြတ်စဲပြီးတဲ့နောက်မှာလည်း ဘာကြောင့် ကိုယ့်ကိုနေကောင်း၊ ကျန်းမာလား မေးတတ်တာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
သူတို့က ကိုယ်နဲ့သူငယ်ချင်းလုပ်ချင်တာတော့ မဟုတ်ဘူး။ ဒါဟာ အတိတ်က သူနဲ့ပတ်သက်တဲ့ သံယောဇဉ်ကြောင့်ဆိုတာ သူကိုယ်တိုင်ပဲသိလို့ဖြစ်တယ်။
(၅) ကိုယ်အနိုင်ကျင့်ခံရကြောင်းပြောတဲ့အခါ ယောက်ျားလေးတွေဟာ ဘာကြောင့်တဇွတ်ထိုး မိုက်မဲသွားမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ဒီရန်ပွဲမှာ ကိုယ်ရှုံးသည်ဖြစ်စေ၊ ဒဏ်ရာရသည်ဖြစ်စေ
ယောက်ျားလေးတွေက ဝမ်းသာတတ်တယ်။ အကြောင်းက ကိုယ်သာ အနာတရ ရစေ.. ကိုယ့်ချစ်သူမိန်းကလေး မျက်ရည်ကျတာကို သူတို့မတွေ့မမြင်ချင်လို့ဖြစ်တယ်။
(၆) ယောက်ျားလေးတွေဟာ အသဲကွဲတာနဲ့ ဘာကြောင့် ညညအရက်သောက်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ဒီတစ်ညမှာ ကိုယ့်ကိုထုံကျင်မူးမေ့အောင် မလုပ်ရင် ဒီတစ်ညလုံးကို အလွမ်းတွေနဲ့ပဲဖြတ်ကျော်ရမယ်ဆိုတာကို သူတို့သိလို့ဖြစ်တယ်။
(၇) ယောက်ျားလေးတွေဟာ ချစ်သူအတွက်ဆို အမြဲတမ်း ဘာကြောင့် ပိုက်ဆံရက်ရောတယ်ဆိုတာကို မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်က်ျားလေးတွေဟာ ကိုယ်ကိုယ်တိုင် ချွေတာစုဆောင်းရပါစေ .. အပြင်ထွက်လည်တဲ့အခါ တခြားလူ အထင်အမြင်သေးတဲ့အကြည့်မျိုး ကိုယ့်ချစ်သူမြင်မှာ၊ ခံစားမှာ မလိုလားလို့ဖြစ်တယ်။
(၈) ယောက်ျားလေးတွေက ဘာကြောင့် မိန်းကလေးတွေရဲ့ အရင်ရည်းစားကို စိတ်ဝင်စားတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်ျားလေးတွေက သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိလို့ မဟုတ်ဘူး။ ကိုယ့်ကိုအပျော်တွဲပြီး ရည်းစားဟောင်းနဲ့ သင်ပြန်ပေါင်းထုပ်မှာကို
သူတို့စိုးရိမ်လို့ဖြစ်တယ်။
(၉) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ်ရေးတဲ့နေ့စဉ်မှတ်တမ်း၊ စာစုတွေအပေါ် ဖြေရှင်းချက်တောင်းတတ်မှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
သူတို့ စိတ်တိုဒေါသထွက်ချင်လို့ ဖြေရှင်းချက်တောင်းတာ မဟုတ်ဘူး။ သင့်ပါးစပ်ကနေ သူအရေးပါသလား? တခြားသူက ပိုအရေးပါသလား? ဆိုတာကိုကြားရဖို့ သူတို့မျှော်လင့်လို့ဖြစ်တယ်။
(၁ဝ) ယောက်ျားလေးတွေက ဘာကြောင့် ကိုယ့်ချစ်သူကို "နင့်ကိုချစ်တယ်"ဆိုတဲ့စကား မကြာခဏမပြောကြမှန်း မိန်းကလေးတွေ အမြဲနားမလည်ကြဘူး။
ယောက်ျားလေးတွေက ဒီလိုစကားတစ်ခွန်းကို မပြောချင်လို့ မပြောတာမဟုတ်ဘူး။ ဒီလိုစကား အခွန်းတစ်သောင်းပြောလဲ မလုံလောက်ဘူးလို့ နားလည်ထားလို့ဖြစ်တယ်။
*** နားမလည်တာကို မေးခွင့်ပေးပါ.. နားမလည်တာကို နားလည်သွားအောင် ဖြေခွင့်ပေးပါ။
မိန်းကလေးတွေက မသိနားမလည်တာကို မေးပါ...
ယောက်ျားလေးတွေက သိနားလည်ထားတာတွေကို ပြန်ဖြေပေးပါ.. (ကျွန်မတော့ ဖတ်မိတာလေး ဘာသာပြန်မျှဝေလိုက်ပါတယ်း)
.
By: Nine Nine Sanay @ နိုင်းနိုင်းစနေ
Like · · Share · 36 minutes ago ·
Saturday, April 7, 2012
" ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း "
" ဗုဒ္ဓရဲ့ စကားကြီး ၁၀-ခွန်း "
------------------------------
ကာလာမတို့-
၁။ အဆင့်ဆင့်ပြောဆိုလာခဲ့တဲ့ ရှေးစကား ကြားရုံမျှနဲ့လဲ ၀ါဒတခု လက်မခံလိုက်နဲ့ဦး။
၂။ အစဉ်အဆက်က ကျင့်သုံးလာတဲ့ ဓလေ့ထုံးစံအားလုံးလဲ မှန်တယ်လို့ သိမ်းကျုံး လက်မခံလိုက်နဲ့ဦး။
၃။ သူတပါး ပြောတိုင်းလဲ မစုံစမ်း မဆင်ခြင်ဘဲ လက်မခံလိုက်နဲ့ဦး။
၎။ စာနဲ့ ရေးထားတိုင်းလဲ အားလုံးမှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၅။ မိမိတွေးတောကြံဆလို့ ပေါ်လာတဲ့ မိမိရဲ့ အတွေးအကြံတွေအားလုံး မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၆။ မှီရာနည်းနိဿယတွေ ရှိသားပဲဆိုပြီး အဲဒီနည်းတွေကို မှန်ပြီလို့ လက်မခံလိုက်နဲ့ဦး။
၇။ မိမိအကြံအစည် အတွေးအခေါ်ကို မိမိဘာသာ အကြောင်း အထောက်အထားပေးပြီး ခိုင်လုံလှပြီလို့ မယူလိုက်နဲ့ဦး။
၈။ မိမိကြိုတင် စဉ်းစား တွေးတော လက်ခံထားသော အယူအဆနှင့် တစုံတယောက် ဟောပြောချက်၊ ရေးသားချက်၊
အယူအဆတို့ ကိုက်ညီပါပေတယ်ဆိုပြီး လက်မခံလိုက်နဲ့ဦး။
၉။ ထင်ရှားကျော်ကြားပြီး လူအများ လေးစားတဲ့ပုဂ္ဂိုလ်ကြီး ပြောတဲ့စကားပဲဆိုပြီးတော့လဲ လက်မခံလိုက်နဲ့ဦး။
၁၀။ ငါတို့ လေးစားတဲ့ ငါတို့ ဆရာ့စကားဆိုပြီးတော့လဲ အပြီးသတ် လက်မခံလိုက်ပါနဲ့ဦး။
ကောင်းဆိုးနှစ်ဖြာ ခွဲခြားပါ
--------------------------
ကာလာမတို့-ဤတရားကား စက်ဆုပ်ဖွယ် တရားတို့ပါတကား။ ဤအကျင့်တို့ကား မကောင်းသော အကျင့်တို့ပါတကား။
ဤအကျင့်တို့ကား သူတော်ကောင်းများ ကဲ့ရဲ့သော အကျင့်တို့ပါ
တကားလို့ သင်တို့ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
အဲဒီလို သိတဲ့အခါ အဲဒီမကောင်းတဲ့ အကျင့်တရားတွေကို
ပယ်လိုက်ကြ၊ စွန့်လိုက်ကြရုံပဲပေါ့။ အဲဒီအကျင့် တစုံတခုကို
ကျင့်လို့ အကျိုးမဲ့ ဖြစ်မယ်၊ ဆင်းရဲမယ်ဆိုရင် ဘာပြုလို့
ကျင့်နေရမှာလဲ ပယ်လိုက်ကြပေါ့။
ကာလာမတို့-သင်တို့သည် သင်တို့၏ ကိုယ်ပိုင်ဉာဏ်ဖြင့် ဤအကျင့်တရားတို့သည် အပြစ်ကင်း၍ သန့်ရှင်းသော
တရားများ၊ ကောင်းကျိုးချမ်းသာဖြစ်၍ ပညာရှိ သူတော်ကောင်း
များ ချီးမွမ်းသော အကျင့်တရားတွေပဲလို့ သိသော
အခါ ဒီအကျင့်တရားမျိုးကို လိုက်နာကျင့်သုံးကြပေါ့။
သင်တို့ ကိုယ်တိုင် ကိုယ်ပိုင်ဉာဏ်နဲ့ သိနိုင်ကြသားပဲ။
ဘာပြုလို့ မျက်စိမှိတ်နေကြတာလဲ။ ကိုယ်ပိုင်ထားသော စိတ်၊ စေတသိက်တို့ရဲ့ ထက်မြက်လှစွာသော စွမ်းရည်
သတ္တိတွေကို အသုံးချလိုက်ပါ။
ဤသုတ္တန်လာ ဗုဒ္ဓ၏ မိန့်ခွန်းသံများဟာ ဘာသာရေးမှာ မျက်စိ
မှိတ်နေကြတဲ့ ပုဂ္ဂိုလ်တွေကို မျက်စိပွင့်စေတဲ့စွမ်းအားတမျိုး ဖြစ်
ပါတယ်။ ကိုးကွယ်ဆည်းကပ်မှု၌ တွေဝေ ငေးငိုင်နေသူတွေကို ကြည်လင်တက်ကြွလာစေတဲ့ မိန့်ခွန်းတော်များလဲ ဖြစ်ပါတယ်။
- သီတဂူ ဆရာတော်

မြန်မာ့ ဆေးမြီး တို များ
လွယ်လွယ်ကူကူလည်းရ အကုန်အကျ အလုပ်ရှုပ်လည်းသက်သာ အသုံးလည်းဝင်တဲ့မြန့်မာဆေးမြီးတိုများ
အကြောအခြင်တွေ ကိုက်ခဲနေရင် ဘယ်လိုလုပ်မလဲ နည်းမှာ…….. အဲဒါကတော့ မခံမရပ်နိုင်အောင် ကိုက်ခဲနေတဲ့ အကြောအခြင်ရှိရာနေရာတွေ အပေါ်ကို နို့ရည်စိမ်ထားတဲ့ အဝတ်စနုနုကလေးနဲ့ ပွတ်တိုက်ပေးဖို့ပါပဲ သိပ်မကြာပါဘူး ကိုက်ခဲတင်း တောင့်နေတဲ့ အကြောအခြင်တွေဟာ အံသြဖွယ်ကောင်းလောက်အောင် ပျော့ပျောင်းနုညံ့ပြီး တဒင်္ဂခဏတာ အတွင်မှာ သိသိသာသာဆိုသလို သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
တစ်ကိုယ်လုံးပူနေရင် ဘယ်လိုလုပ်ရမလဲ စိတ်အေးအေးထားပြီး လုပ်ကြည့်ပါ။ လုပ်ရမှာက သနပ်ခါးစစ်စစ်ကို ဆန်ဆေးရည်နဲ့ သွေးပြီး (၂)နာရီခြား တစ်ခါတိုက်သာပေးလိုက်ပါ။ အပူရှပ်တာ၊အပူငုပ်တာ၊ဖျားတာတွေဟာ တဖြည်းဖြည်းနဲ့ ပြေလျော့ ကျဆင်းသွားပါလိမ့်မယ်။ ဘယ်လိုမှ ဘေးအန္တရာယ်မရှိတဲ့ မြန်မာမှု ရိုးရာနည်းကလေး တစ်ခုပါ။
ပင့်ကူရှပ်ခံရရင်ဘယ်လိုလုပ် ရမလဲ ပင့်ကူရှပ်ခံရလျှင် တချို့က မီးကင်ပေးရတယ်လို့ဆိုတယ်။ ဒါလည်း မဆိုပါဘူး ကောင်းပါတယ်။ ပိုပြီးကောင်းတဲ့ နည်းလေးကို လမ်းညွန် လိုက်ပါမယ့် ပင့်ကူရှပ်ခံရတဲ့ နေရာကို ပေမြစ် (ပေပင်ရဲ့ အမြစ်) သွေးပြီး လူပေးဖို့ပါပဲ။ ခဏကလေးနဲ့ သက်သာပျောက်ကင်း သွားပါလိမ့်မယ်။
ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက် လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။ လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်းကို စမ်းမိပါမည်။ လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။
အိပ်လို့မပျော်ရင် ဘယ်လိုလုပ်ရမလဲ
အိပ်မပျော်တယ့် ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပါပြီ ဆေးနည်းလည်းစုံနေပြီ အဲရောဂါ ကို
လုံးဝပျောက်စေမယ့် ဆေးနည်းရှိရင် ရေးပေးပါ ခင်ဗျာ…………….
ကျွန်တော်ကို မေးလာတာက အိပ်လို့မပျော်ဘူး ဆေးစားတာလည်းစုံနေပြီးလို့ ပြောလာပါတယ်။
ဒါကို ကျွန်တော် အကြံပေးချင်တာက ဆေးစုံနေပြီးဆိုတော့ ဆေးနည်းတွေမပေးတော့ပါဘူး။
ဒါကတော့ ဓါတ်နည်းလေးပါ။ မယုံ မရှိပါနဲ့ သုတေသီဆရာငြိမ်း လက်တွေ့ အသုံးဝင် နည်းစုံလင်
စာအုပ်မှ နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
နည်းလေးကတော့ ကိုယ်ပတ်ဝန်းကျင်မှာရှိနေကြတဲ့ အပင်တွေထဲက ကြောင်ပန်းရွက် ကိုရှာပါ။
ရလာရင် ကြောင်ပန်း အရွက်တွေကို သပ်ချ၊ခြွေချပြီး ခေါင်းအုံးလေး အဖြစ် ဖန်တီးလိုက်ပါ။
ကြောင်ပန်းရွက် ခေါင်းအုံးလေး ရလာပြီးဆိုရင်ဖြင့် စိတ်သာချပါတော့။ ကြောင်ပန်းရွက် ခေါင်းအုံး
လေးပေါ် ခေါင်းတင်ပြီး မှေးလိုက်တာနဲ့ ဘာမှကြာလိုက်မှာ မဟုတ်ပါဘူး။
မျက်လုံးတွေ စင်းကျ၊မျက်တောင်တွေ မှေးကျလာပြီး နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်မောကျသွားမှာပါ။
ပန်းနာရင်ကျပ်ရောဂါအတွက်ဆေး
ရင်ကျပ်ပန်းနာဆေး
ဆေးနည်းမှာ……..
ရှောက်သီးတစ်လုံး၊လင်းနေမြစ်၊ဒန့်ဒလွန်မြစ်၊သဘောင်္ဖိုမြစ်-(ရှောက်သီးတစ်လုံးအလေးတူ)
အိုးထဲထည့် လုံအောင်ပိတ်၊ ကျွမ်းအောင်ဖုတ်၍ ကြိတ်ပါ။
၎င်းဆေးမှုန့်ကို လျှက်စားပါ။
တိမ်ကောပျောက်ကွယ်လုနီးဖြစ်သောအထွေထွေဆေးနည်းကျော်များ(ပထမတွဲ)စာအုပ်မှ ကူးယူဖော်ပြလိုက်ပါတယ်။
ထိုင်လိုက်၊ထလိုက် ပြုရာတွင် မူးဝေတတ်သော ရောဂါအတွက်
ဆားနှင့် သကြား အနည်းငယ်စီသင့်သလောက်ထည့်ထားသောသံပရာဖျော်ရည်ကို နေ့စဉ် သောက်စေခြင်းဖြင့်သက်သာ ပျောက်ကင်းစေ နိုင်ပါသည်။
ဆေးဖက်ဝင်သော ရေခဲ
ရေခဲသည် ပိုးကောင်၊ ခူကောင်များ ကိုက်ခြင်း၊ ထိမိခြင်းများကြောင့် အရေပြား နာကျင်ခြင်း၊ ယားခြင်းများကို များစွာ သက်သာစေပါသည်။ပျားတုပ်ခြင်း၊ ခူယားကောင်နှင့် ထိမိခြင်းတို့ အတွက် ယားသောနေရာ၊ နာသောနေရာကိုရေခဲတုံးနှင့် ပွတ်ပေးရပါသည်။ နှာပိတ်ပြီး နေနတ်သားဖမ်းစားသောရောဂါခေါ် (Sinusitis) ဖြစ်ပါက ရေခဲတစ်လှည့်၊ရေနွေးတစ်လှည့်သုံးပြီး ကုရပါသည်။လူနာအား ပတ်လက်အနေအထား အိပ်စေပြီး မျက်နှာသုတ်ပဝါကို ရေနွေးတွင်စိမ်၍ ညှစ်ပြီးနောက် နှာခေါင်း၊ ပါးနှင့် မျက်ခုံးတစ်ဝိုက်ကို ခေတ္တအုပ်၍ ကပ်ထားပေးပါ။တစ်မိနစ်ခန့် ကြာသောအခါ ယင်းမျက်နှာသုတ်ပဝါကို ခွာလိုက်ပြီး ရေခဲစိမ်ထားသော မျက်သုတ်ပဝါဖြင့် လဲလှယ်၍ ကပ်ပေးရပါသည်။ဤသို့ဖြင့် ၁၀ကြိမ်တစ်လှည့်စီ ကပ်ပေးပါ။ ဤနည်းဖြင့် မျက်ခုံးနှင့်နှာခေါင်းတစ်ဝိုက်အရိုးအိမ်များ အတွင်းမှ ချွဲများ နှာခေါင်းမှ တစ်ဆင့် ထွက်ကျလာပါလိမ့်မည်။သွားကိုက်လျှင် ရေခဲငုံပေးခြင်း၊ ပါးပေါ်သို့ ရေခဲ အိတ်ကပ်ပေးခြင်းဖြင့် အထိုက်အလျှောက် သက်သာစေနိုင်ပါသည်။ထို့ပြင် လက်ညှိုးနှင့် လက်မကြားနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးခြင်းဖြင့် အင်ဒိုဖင်ဓာတ်များ ထွက်ပေါ်လာစေပြီး အကိုက်သက်သာစေပါလိမ့်မည်။
တုပ်ကွေးကို အပြုတ်တိုက်မည့် ကြက်သွန်ဖြူ
ခေတ်အဆက်ဆက်ပြုလုပ်ခဲ့ကြသောသုတေသနစမ်းသပ်ချက်များအရကြက်သွန်ဖြူသည်ရောဂါပိုးအမျိုးမျိုးကို သေစေကြောင်းတွေ့ရှိခဲ့ပြီး ဖြစ်ပါသည်။ စင်စစ်ကြက်သွန်ဖြူသည် အအေးမိ၊ နှားစေးခြင်း၊ လည်ချောင်းနာ၍ ဖျားခြင်း၊ ပသိရောင်ခြင်း၊တုပ်ကွေးမိခြင်းကို အမြန် ပျောက်ကင်းစေပါသည်။ ရေနွေးပူပူအတွင်းသို့ ကြက်သွန်ဖြူဥ သုံးဥခန့်ကို ချင်း(ဂျင်း)၊အာလူး၊ မုန်လာဥ၊ ငရုတ်ကောင်းတို့နှင့်အတူ စွပ်ပြုတ်လုပ်၍ ပူပူလေး သောက်ပေးခြင်းအားဖြင့် လည်ချောင်းနာ၍ ဖျားခြင်း၊ တုပ်ကွေးမိခြင်းတို့ကို အမြန်သက်သာစေပါသည်။
ပလတ်စတစ်တိပ်နှင့် ကြွက်နို့
ရိုးရာကုထုံးကို အခြေပြုပြီး ကြွက်နို့သတ်နည်းတစ်ခုမှာ စက္ကူများတွင် ကပ်သောတိပ်ပြားကို ကြွက်နို့ပေါ်၌အုပ်ပြီး လေလုံအောင် လေးထပ်ခန့် ခပ်တင်းတင်းလေးကပ်ထားပေးလျှင် ကြွက်နို့များ သေသွားနိုင်ပါသည်။ တိပ်ပြားတစ်ကြိမ်ကပ်လျှင် ပြန်မခွာဘဲ (၆)ရက်ထားပါ။ (၇)ရက်မြောက်နေ့တွင်ခွာကြည့်ပါ။ ကြွက်နို့သေစေပါသည်။ ဆရာဝန်များအနေဖြင့် အဘယ်ကြောင့် ဤသို့တိပ်ကပ်ရုံမျှ ကြွက်နို့ဖြစ်စေသော ဗိုင်းရပ်ပိုးများ သေစေရပါသနည်းဆိုသည်ကိုမဖြေနိုင်သေးပါ။အောက်စီဂျင်ဓာတ် ပြတ်လပ်သွားသောကြောင့် ဗိုင်းရပ်များ သေရသည်ဟုသာယူဆထားကြပါသည်။
ကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်နိုင်သောအစားအစာ (၁၃) မျိုး
(၁) ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာကင်ဆာရောဂါကိုကာကွယ်နိုင်တဲ့ ဓာတ်ပေါင်းတွေ များစွာပါဝင်နေပါတယ်။ အရေပြား၊ အူမကြီးနဲ့ အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကိုအဓိကကာကွယ်ပေးနိုင်ပါတယ်။
(၂) အစိမ်းရင့်ရောင် အသီးအရွက်များ
အစိမ်းရင့်ရောင် အသီးအရွက်တွေမှာအင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ကယ်ရိုတင်းနွိုက်တွေ
များစွာပါဝင်ပါတယ်။ကင်ဆာကို ဖြစ်စေတဲ့ Free Radicals တွေရဲ့ အန္တရာယ်ကိုလျှော့ချပေးပါတယ်။
(၃) စပျစ်သီး
စပျစ်သီးနဲ့ စပျစ်ဝိုင်မှာအစွမ်းထက် အင်တီအောက်ဆီးဒင့် ဖြစ်တဲ့ ရက်စ်ဗာရထရောပါဝင်တာကြောင့် ဆဲလ်တွေ ပျက်စီးတာကိုကာကွယ် ပေးနိုင်ပါတယ်။
(၄) လက်ဖက်စိမ်းရည်
လက်ဖက်စိမ်းရည်မှာပါဝင်တဲ့ ဖလေဗိုနွိုက်ကအူမကြီး၊ အသည်း၊ ရင်သားနဲ့ ဆီးကျိတ်ကင်ဆာတွေ
ဖြစ်ပွားတာကနေကာကွယ်နိုင်သလိုကင်ဆာရောဂါရဲ့ ဆဲလ်ပွားတာကိုလည်း နှေးကွေးစေနိုင်ပါတယ်။
(၅) ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပင်းဓာတ်ကရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေကိုကာကွယ်ပေးနိုင်ပါတယ်။
(၆) ဖရဲသီး
ဖရဲသီးမှာကင်ဆာရောဂါကိုတွန်းလှန် ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်းဓာတ် များစွာပါဝင်နေပါတယ်။
(၇) ဘလူးဘယ်ရီသီး
ဘယ်ရီသီးအားလုံးမှာကင်ဆာကိုတိုက်ထုတ်နိုင်တဲ့ဓာတ်ပေါင်းတွေများစွာပါဝင်နေပါတယ်။ကင်ဆာရောဂါအားလုံးကိုကာကွယ်မှု ပေးနိုင်ပါတယ်။
(၈) မိကျောင်းကွမ်းဖတ်
မိကျောင်းကွမ်းဖတ်မှာပါဝင်တဲ့ လိုင်နန်က အင်တီအောက်ဆီးဒင့် အာနိသင်ကိုပေးစွမ်းပြီး ခန္ဓာကိုယ်မှာ
ကင်ဆာဖြစ်စေတဲ့ ပြောင်းလဲမှု မှန်သမျှကို ဟန့်တားပေးပါတယ်။ ဒါ့အပြင် အိုမီဂါ-၃ အဆီ ကြွယ်ဝတာကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၉) ပန်းဂေါ်ဖီ မျိုးရင်းဝင်များ
ပန်းဂေါ်ဖီစိမ်း၊ ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီထုပ်တွေမှာကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကိုလျှောချနိုင်တဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်ပါတယ်။
(၁၀) ကောက်နှံတစ်ခုလုံး
ကောက်နှံတစ်ခုလုံးမှာကင်ဆာကိုတွန်းလှန်နိုင်တဲ့ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်နဲ့ဖိုက်တိုအီစထရိုဂျင်တွေ ပါဝင်ပါတယ်။
(၁၁) မုန်လာဥနီ
မုန်လာဥနီမှာ ဗီတာမင်အေဓာတ် များစွာပါဝင်ပြီး ခန္ဓာကိုယ် ခုခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
သွေးဖြူဥတွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးတာကြောင့် ဗိုင်းရပ်စ်ပိုးတွေ
မကူးစက်နိုင်အောင် ဟန့်တားပေးပါတယ်။ မျက်စိကိုလည်းအားကောင်းစေပါတယ်။
(၁၂) နနွင်း
ဟင်းထဲမှာ နနွင်းကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ပါဝင်အောင် ထည့်ချက်စားပေးပါ။ စမ်းသပ်မှုတွေအရ နနွင်းမှာကင်ဆာဖြစ်စေတာတွေကိုတွန်းလှန်နိုင်တဲ့ အာနိသင်ရှိနေပါတယ်။
နနွင်းမှာပါတဲ့ ကာကူမင်ဒြပ်ပေါင်းကရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ တခြားကင်ဆာရောဂါတွေရဲ့
ဖြစ်ပွားနှုန်းကို နှေးစေပါတယ်။
(၁၃) ငါး
ဆာဒင်းငါး၊ပုစွန်ဆိတ်၊ပင်လယ်ငါးတွေကနေဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ဗီတာမင်ဒီကကင်ဆာဆဲလ်ကြီးထွားမှုနဲပျံ့နှံ့မှုကိုလျော့နည်းစေပါတယ်။ ကယ်လ်ဖိုးနီးယားတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရနေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့အမျိုးသမီးတွေမှာ ကင်ဆာဆဲလ် ပျံ့နှံ့တာကိုတွေ့ရပါတယ်။နေရောင်ခြည်ဟာဗီတာမင်ဒီကိုရယူနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ် ဖြစ်လို့ပါ။

ဒါတွေကို မမေ့မှ စိတ်ချမ်းသာမယ်
(၁) ငါဟာ ငါ့ဘ၀မှာ အရေးပါတဲ့သူ ဖြစ်တယ်။ ငါ့မိသားစုဘ၀မှာလည်း အရေးပါတဲ့သူဖြစ်တယ်။ ငါ့အသိုင်းအ၀ိုင်းမှာလည်း အရေးပါတဲ့သူ ဖြစ်တယ်။
ဘာတွေ လုပ်ပေးနိုင်လို့ အရေးပါတာလဲ။ ဘာမှ ထူးထူးခြားခြား လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ သွားရင်းလာရင်းနဲ့ စိတ်ချမ်းသာစရာလေးတွေကိုငါ ပြောနိုင်တယ်။တစ်ခါတလေ ကိုယ်တတ်နိုင်တဲ့အကူအညီ ပေးနိုင်တယ်။ ငါ့ကြောင့် နည်းနည်းလေးဖြစ်ဖြစ် စိတ်ချမ်းသာမှု ရစေချင်တယ်။
ငါ့ဘ၀မှာ ငါဟာ အရေးအပါဆုံးလူ မဟုတ်ရင် ဘယ်သူက ငါ့ဘ၀မှာ အရေးအပါဆုံး ဖြစ်မလဲ။ ငါဟာ ဘာမှ အသုံးမကျတဲ့သူလို့ ငါ့ကိုယ်ငါ သဘောထားရင်ဘယ်လိုလုပ်စိတ်ချမ်းသာမလဲ။ ဘယ်လိုလုပ် စိတ်အားတက်မလဲ။
(၂) ငါ ဘယ်သူ့ကိုမှ ဒုက္ခမပေးမိအောင် သတိထားတယ်။ တစ်ယောက်ကိုတစ်ယောက် ဒုက္ခပေးနေကြရင် ဒီလောက်လူတွေများတဲ့ လောကကြီးမှာ ဘယ်နေလို့ ဖြစ်တော့မလဲ။ ဒါကြောင့် စိတ်ချမ်းသာမှုမပေးနိုင်ရင် ရှိပါစေတော့ စိတ်ဆင်းရဲမှုတော့ မပေးမိအောင် သတိထားပါတယ်။
(၃) ဒီနေ့ဟာ အရေးအကြီးဆုံးနေ့ပဲ။ ဒီနေ့ကို တန်ဖိုးထားမှနေ့တိုင်းတန်ဖိုးရှိတဲ့နေ့ ဖြစ်မယ်။ နေ့တိုင်း တန်ဖိုးရှိတဲ့နေ့ဖြစ်မှ ငါ့ဘ၀ဟာတန်ဖိုးရှိတဲ့ဘ၀ဖြစ်မယ်။ ဒါကြောင့် ဒီနေ့ တန်ဖိုးရှိတာ လုပ်မယ်။ ပညာရှာမယ်။ မိတ်ဆွေကောင်းရှာမယ်။ စိတ်ချမ်းသာအောင် နေမယ်။
မွေးနေ့မှာ Happy Birth Day ပျော်ရွှင်စရာမွေးနေ့လို့ ပြောကြတယ်။ပျော်လည်းပျော်ကြတယ်။ နေ့တိုင်း အဲဒီလို ပျော်လို့ မဖြစ်ဘူးလား။ မဖြစ်နိုင်စရာအကြောင်း ဘာရှိသလဲ။ နေ့တိုင်း မွေးနေ့လို့ သဘောထားမယ်။
(၄) ဒီနေ့လုပ်ရမယ့် အလုပ်တွေကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်။ လူတွေကို အကောင်းဆုံး သဘောထားနဲ့ ဆက်ဆံမယ်။ ငါနဲ့တွေ့ရတဲ့ လူတွေဟာ ငါ့လိုပဲ ဘ၀ကို ရုန်းကန်ပြီး နေသွားကြတယ်။
(၅) ကိုယ်တတ်နိုင်တာကို ပျော်ပျော်ရွှင်ရွှင် စိတ်ပါလက်ပါ၊ ရိုးရိုးသားသားစေတနာနဲ့ လုပ်မယ်။ မတတ်နိုင်တာကို မတတ်နိုင်ဘူးလို့သဘောထားမယ်။ အဲဒီလို မတတ်နိုင်တဲ့ အတွက်ကြောင့် စိတ်ဆင်းရဲမခံဘူး။
(၆) ဒီနေ့ အကူအညီလိုတဲ့ ငါ့မိတ်ဆွေတစ်ယောက်ကို အကူအညီပေးမယ်။ လူ့ဘ၀မှာ တစ်ဦးကိုတစ်ဦး အကူအညီပေးပြီးနေသွားမှ အားလုံး အဆင်ပြေမယ်။
ငါကလည်း ဘယ်သူ့ကိုမှ အကူအညီမပေးဘူး။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူဘူး ဆိုပြီး နေလို့ မဖြစ်ဘူး။
(၇) ငါ ခင်သလို ငါ့ကို မခင်ကြဘူးလို့ အပြစ် မတင်ဘူး။ သူတို့ မခင်တာဟာငါ့အတွက် စိတ်ဆိုးစရာ မဟုတ်ဘူး။
(၉) ဒီနေ့ဟာ ငါ တကယ်နေရတဲ့နေ့ပဲ။ ပျော်ရွှင်မှု၊ စိတ်ချမ်းသာမှုဟာ အပြင်မှာ မရှိဘူး။ အတိတ်မှာ မရှိဘူး။ အနာဂတ်မှာ မရှိဘူး။ အခု ပစ္စုပ္ပာန်မှာပဲ ရှိတယ်။
ငါ့ကိုယ်ကိုငါ ကျေနပ်နေတယ်။ ငါ့ဘ၀ကိုငါ ကျေနပ်နေတယ်။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲဆိုတာ ငါသိတယ်။ ငါစိတ်ချမ်းသာနေမှ ငါနဲ့တွေ့ရတဲ့သူတွေကို စိတ်ချမ်းသာမှု ပေးနိုင်မယ်။ အနည်းဆုံးတော့ ငါ့အပြုံးဟာ လှိုက်လှဲတဲ့အပြုံး ဖြစ်စေရမယ်။
(၁၀) ငါဟာ ငါ့ရဲ့ အကောင်းဆုံးမိတ်ဆွေဖြစ်နိုင်သလို အဆိုးဆုံးရန်သူလည်း ဖြစ်နိုင်တယ်။
သူများက ငါ့ကို နေရာမရွေး အချိန်မရွေး ဒုက္ခမပေးနိုင်ဘူး။ ငါ့စိတ်ကိုငါ မထားတတ်ရင် အချိန်မရွေး နေရာမရွေး စိတ်ဆင်းရဲနိုင်တယ်။ ငါ့စိတ်ကို ငါသိလို့ စိတ်ထားတတ်ရင်လည်း နေရာမရွေး အချိန်မရွေး စိတ်ချမ်းသာနိုင်တယ်။
(၁၁) ဘယ်လိုသဘောထားရင် စိတ်ချမ်းသာမယ်။ ဘယ်လိုတွေးရင် စိတ်ချမ်းသာမယ်။ ဘာလုပ်ရင် စိတ်ချမ်းသာမယ်။ ဘယ်သူနဲ့ပေါင်းရင် စိတ်ချမ်းသာမယ်ဆိုတာကို အမြဲ လေ့လာရမယ်။ စိတ်ချမ်းသာတဲ့ သူတွေကို လေ့လာမယ်။ အဆင်ပြေနေတဲ့သူတွေကို လေ့လာမယ်။
(၁၂) ကိုယ့်ဘ၀ ကိုယ့်နေရာ ကိုယ့်အခြေအနေကို ဘယ်သူနဲ့မှ မလဲချင်ဘူး။ လဲချင်နေရင် စိတ်ဆင်းရဲနေတယ်။ ငါ့ဘ၀ကို ငါ ကျေနပ်တယ်။ ဘယ်သူ့ဘ၀နဲ့မှ မလဲနိုင်ဘူးဆိုရင် စိတ်ချမ်းသာတယ်။
(၁၃) ကိုယ့်ကို သူများ ချီးမွမ်းတဲ့အခါ နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒါ သိပ်အရေးကြီးတယ်လို့ သဘောမထားဘူး။
ချီးမွမ်းတာခံရဖို့ မလုပ်ဘူး။ ကိုယ် စိတ်ဝင်စားတာ၊ ကိုယ်ဝါသနာပါတာ၊ ကိုယ်လုပ်ချင်တာကို လုပ်တယ်။ ချီးမွမ်းရင် ကျေနပ်ပါတယ်။ဒါပေမယ့် ငါလုပ်တာကို ချီးမွမ်းမှာလား၊ ကဲ့ရဲ့မှာလားလို့ မတွေးဘူး။
(၁၄) ငွေ ဘယ်လောက်လိုချင်တယ်လို့ မတွေးတော့ဘူး။ ဒီအလုပ်လုပ်ရင်
ငွေဘယ်လောက်ရမလဲလို့ မတွေးဘူး။ ဒီအလုပ်ကို ချစ်လို့ လုပ်တယ်။
(၁၅) ကိုယ့်စိတ်မှာဖြစ်တဲ့ ခံစားမှုနဲ့ပတ်သတ်ပြီး ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ကိုငါ ချမ်းသာအောင် ထားနိုင်တယ်။ ငါ့စိတ်ချမ်းသာမှုကို သူများ ဖျက်ဆီးလို့ မရဘူး။ ငါစိတ်မချမ်းသာရင် အဲဒါ ဘယ်သူ့မှာမှ တာဝန်မရှိဘူး။ ငါ့စိတ်ချမ်းသာမှုဟာ ငါ့တာဝန်ပဲ။
ငါဒုက္ခရောက်တာ သူတို့ကြောင့်လို့ တွေးသလား။ အဲဒီလို တွေးနေရင် စိတ်ဆင်းရဲနေတယ်။ စိတ်ချမ်းသာတဲ့သူ မဖြစ်သေးဘူး။ ငါ့စိတ်မှာဖြစ်တဲ့ ခံစားမှုအတွက် ငါ့မှာပဲ တာဝန်ရှိတယ်။ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့မလိုဘူး။
အဲဒီလို သဘောထားကို ပြတ်ပြတ်သားသား ထားနိုင်တဲ့သူဟာ စိတ်ချမ်းသာတဲ့သူ။ ငါ့ကို စိတ်ဆင်းရဲအောင် လုပ်ကြတယ်။ ငါ့ကို စိတ်ဆင်းရဲအောင် မလုပ်ကြနဲ့လို့ ပြောတဲ့သူဟာ စိတ်ဆင်းရဲနေတဲ့သူ။
စိတ်ချမ်းသာအောင်နေတတ်သူတွေမှာ ရှိတဲ့ အချင်းအရာ လက္ခဏာတွေဟာ ဘာတွေလဲ။
စိတ်ချမ်းသာအောင် နေတတ်တဲ့သူဟာ-
Boldness: သတ္တိရှိတယ်။ ဆုံးဖြတ်ရဲတယ်။ ပြောရဲတယ်။ လုပ်ရဲတယ်။
Brightness: အသိဉာဏ် တောက်ပြောင်တယ်။
Cheerfulness: ရွှင်လန်းတယ်။
Common sense: ပင်ကိုယ်ဉာဏ်ရှိတယ်။
Confidence: ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်မှုရှိတယ်။
Control: မိမိကိုယ်ကို ထိန်းသိမ်းနိုင်တယ်။ အခြေအနေကို ထိန်းသိမ်းနိုင်တယ်။
Enthusiasm: စိတ်အားထက်သန်တယ်။ တက်ကြွတယ်။
Forgiveness: ခွင့်လွှတ်နိုင်တယ်။
Friendliness: ခင်ခင်မင်မင် ဆက်ဆံတတ်တယ်။
Gratitude: ကျေးဇူးသိတတ်တယ်။ တန်ဖိုးထားတတ်တယ်။ အသိအမှတ်ပြုတယ်။
Joyousness: ကြည်လင်ရွှင်လန်းတယ်။
Kindness: ကြင်နာတတ်၊ ညှာတာတတ်တယ်။
Mental fitness: စိတ်ဓာတ် ကြံ့ခိုင်တယ်။
Optimist: အကောင်းမြင်တယ်။ အဖြစ်ကိုမြင်တယ်။ အပြုသဘောရှိတယ်။
Patience: စိတ်ရှည်တယ်။ စောင့်ထိန်းနိုင်တယ်။
Peacefulness: စိတ်ငြိမ်းချမ်းတယ်။
Power: စိတ်စွမ်းအားကြီးတယ်။
Productiveness: အလုပ်များများလုပ်နိုင်တယ်။
Wisdom: ဥာဏ်ပညာရှိတယ်။
ဒီအရည်အချင်းတွေ ဒီဂုဏ်တွေကြောင့် စိတ်ချမ်းသာတဲ့သူဟာ အခက်အခဲတွေကို ရင်ဆိုင် ကျော်လွှားနိုင်တယ်။ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းရတာကို သဘောကျတယ်။
ဆရာတော် ဦးဇောတိက

ဝတ်စားဆင်ယင်မှု
ဝတ်စားဆင်ယင်မှု
ဝတ်ပုံစားပုံ ဤလူ့ဘုံ
ရာသီအလိုက် ဌာနအလိုက် အဆင်ရွေး၍ ၀တ်တတ်သူကို ယဉ်ကျေးမှုရှိသူ ဟုဆိုရမည်။ လူမှာအ၀တ် တောင်းမှာအကွပ် ဟုဆိုသည့်အတိုင်း လောက၌ အဆင်ပြေအောင် ၀တ်ပုံသင်ခန်းစာဆောင်းပါးမှ ကောက်နှုတ်ချက်ကို အောက်ပါအတိုင်း ကူးမှတ်၍ဖော်ပြလိုက်ပါသည်။
ဆန့်ကျင်ဘက်အရောင်များ
လိမ္မော်နှင့်အပြာ ၊ အနီနှင့်စိမ်းပြာ ၊ မရမ်းစေ့နှင့်အစိမ်း ၊ ခရမ်းနှင့်အစိမ်းနု ၊ ခရမ်းပြာနှင့်အ၀ါ ၊အ၀ါနှင့် အနီ (၎င်းတို့မှာ မြင်ရသူများအဖို့ မျက်စေ့ရိုင်းလှပေသည်)
အဆင်ပြေသောအရောင်များ
အ၀ါနှင့်အစိမ်းဝါ ၊ လိမ္မော်နှင့်အနီရဲ ၊ စိမ်းပြာနှင့်ခရမ်းပြာ ၊ ခရမ်းနုနှင့်ခရမ်းရင့် ၊ ခရမ်းရောင်ပေါ်တွင်ပန်းရောင် ၊ အညိုပေါ်တွင် လိမ္မော်ရောင် ၊ အမဲပေါ်အပြာ ၊ သစ်ရွက်စိမ်းပေါ်အ၀ါ ။ (ဤသို့စပ်ဟပ်၍ အရောင်ပေါ်လျှင် မြင်ရသူ၏ မျက်စေ့ထဲ၌ အေးမြပြေပြစ်လှပေသည်။)
အေးရောင်နှင့်နွေးရောင်များ
အစိမ်းနု ၊ အပြာ ၊ မီးခိုးရောင်တို့မှာ အေးရောင်ဖြစ်သည်။ အ၀ါ ၊ အနီ ၊ အညိုရင့်တို့မှာ နွေးရောင်ဖြစ်သည်။ အညိုနှင့်ခရမ်းရောင်တို့မှာ ဆိတ်ငြိမ်သောအရောင်ဖြစ်သည်။
အရောင်၏သဘောထားများ
၁။ အ၀ါ = ပညာအလင်းရောင်နှင့် စိတ်ရွှင်ငြိမ်သက်ခြင်းကိုပြသည်။
၂။ လိမ္မော် = မီးရောင်ဖြစ်၍ ပူနွေးကြောင်းကိုပြသည်။
၃။ အနီ = သွေးရောင်ကိုမှီ၍ အရေးကြီးကြောင်းကိုပြသည်။
၎။ အပြာ = ပင်လယ်မှဖြစ်၍ မှန်ကန်ခြင်း ၊ ခံနိုင်ရည်ရှိခြင်းကိုပြသည်။
၅။ အစိမ်း = သစ်ပင်မှဖြစ်၍ ဘ၀နှင့်ကြီးပွားတိုးတက်ခြင်းကိုပြသည်။
၆။ ခရမ်း = မင်းခမ်းမင်းနားတို့နှင့် တိတ်ဆိတ်သောဧည့်ခံမင်္ဂလာပွဲတို့ကိုပြသည်။
၇။ အဖြူ = သန့်ရှင်းဖြူစင် ၊ ငြိမ်သက်တည်တံ့ရာကိုပြသည်။
၈။ အနက် = ၀မ်းနည်းခြင်းအထိမ်းမှတ်ကိုပြသည်။
သင်၏နှစ်သက်သောအရောင်ကိုပြန်စဉ်းစားပြီးနောက် သင်၏သဘောထားကိုပြန်လည်စစ်ဆေးကြည့်ပါ။ အနီကဲ့သို့ အရေးကြီးသုတ်ပြာနေတတ်သလား။ (သို့မဟုတ်)အပြာကဲ့သို့ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သလား။
လိုက်ဖက်စွာဝတ်ဆင်ခြင်း
ဝလျှင်ပျော့သောအထည်များကိုဝတ်ဆင်၍ ပိန်လျှင်မာထူသောအထည်များကိုဝတ်ပါ။အရပ်ရှည်လွန်းသူတို့မှာ မက်တပ်ခင်းလုံချည်မ၀တ်ရ။ ပုလွန်းသူကား ကန့်လန့်စင်းလုံချည်ကိုမ၀တ်ရ။ မိုးရာသီတွင် အ၀ါရင့် ၊ အစိမ်းရင့် ၊ ခရမ်းစသော တောက်ပသောအရောင်အထည်များကို အသုံးပြု၍ နွေရာသီတို့၌ ဖျော့သော အစိမ်း ၊ အ၀ါ ၊ အပြာ ၊ လိမ္မော် စသည်တို့ကို အသုံးပြုဝတ်ဆင်နိုင်သည်။
http://wikimyanmar.co.cc/ မှ ကူးယူမျှဝေထားပါသည်။

Subscribe to:
Posts (Atom)