Thursday, September 27, 2012

To be read Myanmar Font in your browser Please install Tagu Add on to your Firefox

Firefox တွင် ဇော်ဂျီနှင့် ယူနီကုဒ်များကို font ထည့်သွင်းစရာမလိုဘဲ ဖတ်ရှုနိုင်မည့် add-on ဖြစ်သည်။ တန်ခူး (Tagu) ဟု ခေါ်တွင်ပြီး developer ဖြစ်သူ saturngod မှ ဖန်တီးပြုလုပ်ထားသည်။

၎င်းကို အောက်ဖော်ပြပါ link သို့ သွားရောက်ပြီး install ပြုလုပ်နိုင်သည်။


https://addons.mozilla.org/en-US/firefox/addon/tagu/

Friday, September 14, 2012

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

ပျက်စီးသွားသော CD, DVD မှ Data များကို ပြန်ယူနည်း

စီဒီ၊ ဗီစီဒီ၊ ဒီဗီဒီတို့မှာ ခြစ်ရာများ၊ ထင်းရာများ ကြီးကြီးမားမားဖြစ်သွား လို့ ခွေ ဖွင့်မရတော့တာမျိုး၊ မဖတ်တော့တာမျိုးတို့ ကြံဖူးမယ်ထင်ပါတယ်။ Laser printed လုပ်ထားတဲ့အတွက် လက်သည်းနဲ့ ချစ်မိရင်တောင် အခန့်မသင့်ရင် Data တွေပျက်ဆီးပါတယ်။ အဆိုးဆုံးကတော့ ခွေလုံးဝ ဖွင့်လို့ မရတော့တာပဲ ဖြစ်ပါတယ်။ အခု ဒီပြဿနာကို ဖြေရှင်း လို့ရတဲ့ ဆော့ဖ်ဝဲရှိပါတယ်။

အချက်အလက်အားလုံးကို အကောင်းအတိုင်း ပြန်မရဘူးဆိုရင်တောင်မှ စီဒီထဲမှာ ကျန်ရှိနေသေးတဲ့ အချက်အလက်၊ ရုပ်ရှင်၊ သီချင်း၊ MTV၊ Application အစရှိသဖြင့် အားလုံးကို ပြန်ရယူနိုင်မှာ ဖြစ်ပါတယ်။

၁။ အောက်ပါ လခ့်တွင် Roadkil’s Unstoppable Copierကို ဒေါင်းလုခ်ဆွဲပါ။

www.techday.in/wp-content/uploads/2012/05/unstopcp_by_techday.zip

၂။ unstopcp by techday.zip ကို Extract လုပ်ပါ။ unstopcpc.exe ကို run ပေးပါ။

၃။ မိမိ ဒေတာပြန်လိုချင်သော စီဒီကို ကွန်ပျူတာထဲ ထည့်ပါ။

၎။ ဖွင့်ထားတဲ့ Application မှာ Browse ကိုနှိပ်ပြီး ခွေကိုရွေးရ ပါမယ်။ ပြီးတော့ Target မှာ ကိုယ် save လုပ်ချင်တဲ့ နေရာကို ညွန်းပေးနိုင်ပါတယ်။ ယာယီအားဖြင့် Desktop ပေါ်တင်ချင်ရင်လည်း Desktop ကိုရွေးချယ်နိုင်ပါတယ်။

၅။ copy ကိုနှိပ်လိုက်ရင် သူ့အလိုအလျောက် ပြန်ပြီးတော့ ကော်ပီ လုပ်ပေးပြီ ဖြစ်ပါတယ်။

သို့ပေမယ့် Roadkil’s က အသုံးပြုရတာ နှေးတယ်ပါတယ်။ ဒါကြောင့် Data copy speed မြန်ချင်တယ်ဆိုရင်

၁။ ကိုrun ထားတဲ့ application – unstopcpc.exe က Setting Tab ကိုဝင်ပါ တယ်။

၂။ Best Data Recovery နဲ့ Fastest Data Recovery ကြားထဲက ကိုလိုသ လို မြန်သချင်သလောက် တင်ပေးလို့ရပါတယ်။ အဆုံးထိတင်လည်းရ ပါတယ်။

စာဖတ်သူတို့ အသုံးပြုလို့အဆင်ပြေမယ်လို့ မျော်လင့်ပါတယ်။

အောင်ခမ်း (TSJ team)

Saturday, September 8, 2012

ဥာဏ်ကောင်းစေရန် နည်းလမ်း ၁၀ချက် .10 tips for Clever way







ဥာဏ်ကောင်းကိုကောင်းစေရပါမယ်လို့တော့မဟုတ်ပါဘူ။ သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်တဲ့အတွက် ဘာသာပြန် မျှဝေပေးလိုက်ပါတယ်။

1. Go for a walk with a friend

လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။ သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန် မိတ်ဆွေ သူငယ်ချင်း နဲ့သွားရပါမယ်။ အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။

2. Solve Puzzles, Play Games

ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။ ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊ အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊ ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။ ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။

3. Meditate

တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။ မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။ တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့် မှတ်ဥာဏ်ကောင်းစေပါတယ်။

4. Eat healthy

မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့  ၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။ ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါ တယ်ဆိုတာ သိထားရ မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့် ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။

5. Think positive

အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။ စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။ ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။

6. Laugh It Up

ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။ ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။ ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။

7. Listen To Music

သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။ အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။

8. Do Self-Hypnosis

Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။ ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။ သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။ ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။ ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊ မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။ မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။

အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။ ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။

9. Set Goals

ရည်မှန်းချက်ထားရပါမယ်။ ခြောက်လအတွင်းဖြစ်လာမယ့်ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့် ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။ ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ ချစေပါတယ်။ ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။

10. Follow a Sleep and Wake up Routine

စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။ ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။ ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။ ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။ စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။ ဒီတော့ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။

အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင် လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။ သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။
----
Ref:unu-facts
အောင်ခမ်း (TSJ team)

Monday, September 3, 2012

 ခုနှစ်ရက်အတွင်း ဆယ်ပေါင် နှင့်အထက် အဆီချ Diet Program,,,,








အဆီကျဟင်းရည် ချက်နည်း

ကြက်သွန်နီဥကြီး 6 လုံး
ငရုတ်သီးပွ (အစိမ်း) 2 ခု
ခရမ်းချဉ်သီး 6 လုံး
တ၇ုတ် နံနံပင်
ဂေါ်ဖီထုပ် 1 လုံး
Lapton Omon Soup Mix တစ်ထုပ် (လိုအပ်လျှင် စွပ်ပြုတ်အခဲ (၁-၂) ခဲ)
အရသာရှိစေရန် ဆား၊ ငရုတ်ကောင်း၊ မဆလာ၊ အမွှေးအကြိုင် လိုအပ်သလိုထည့်ပါ။ (တုန်ယမ်း ချဉ်စပ် အနှစ်နဲ့ တွဲဖက်ချက်လျှင်လည်းရပါသည်... ကျွန်တော်ကတော့ တုန်ယမ်းနှင့်တွဲချက်ပါသည်.... အနံအသက်အတော်သက်သာသည်ကို တွေ့ရပါသည်..)


အသီးအရွက်များကို အရွယ်တော် အတုံးများဖြစ်အောင်ဖြတ်ပါ။ ရေဖုံးအောင်ထည့်ပါ။ သစ်သီး၊ ဟင်းသီးဟင်းရွက်မှ ရသောအရည်များကို ထည့်ခြင်းဖြင့်လည်း အနံ့နှင့် အရသာကို ပိုမိုကောင်းမွန်စေပါသည်။
ပွက်ပွက်ဆူ အနေအထားမှာ ၁၀ မိနစ်ခန့် ထားပါ။ ထို့နောက် မီးလျှော့ပြီး ဟင်းသီးဟင်းရွက်များကို နူးနပ်သည်အထိ ချက်ပါ။

အထက်ပါအဆီကျဟင်းရည်ကို အချိန်မရွေး၊ စားချင်သလောက် စားသုံးနိုင်ပါသည်။ ဤဟင်းရည်ကို စားသုံးခြင်းဖြင့် ကယ်လိုရီများမတိုးလာနိုင်ပါ။ များများစားလေ အလေးချိန်ပိုလျော့နိုင်လေဖြစ်ပါသည်။ အလွန်ကြာရှည်စွာစားသုံးလျှင်မူ အာဟာရချို့တဲ့ခြင်းဖြစ်လာနိုင်ပါသည်။ နေ့လည်ပိုင်းများတွင် အပြင်သွားနေရမည်ဆိုပါက ထမင်းချိုင့်ထဲထည့်၍ သယ်ယူသုံးဆောင်နိုင်ပါသည်။

(၇) ရက်စားသုံးနည်းအစီအစဉ်ကို သင်အဆင်ပြေသလို စားသုံးနိုင်ပါသည်။ အညွှန်းအတိုင်း တိကျစွာလိုက်နာပါက သင့်ခန္ဓာကိုယ်အတွင်းရှိ အညစ်အကြေးများ သန့်စင်သွားပါလိမ့်မည်။ ပေါ့ပါးကျန်းမာခြင်း ကိုလည်း ခံစားရပါလိမ့်မည်။

ဤအစီအစဉ်ကို ရက်အနည်းငယ်အတွင်းမှပါပင် ပေါ့ပါးလာသည်ကို တွေ့ရမည်ဖြစ်ပြီး ခွန်အားများလည်း ရှိလာမည်ဖြစ်သည်။ ဤအစီအစဉ်ကို သင်စားနိုင်သလောက်အချိန်အထိ ကြာရှည်စွာစားသုံးနိုင်ပါသည်။ ဤစားသုံးနည်းသည် အဆီများကို လျှင်မြန်စွာ ချေဖျက်နိုင်သည့်နည်း ဖြစ်ပြီး အဓိကလျှို့ဝှက်ချက်မှာ ကယ်လိုရီများကို သင်စားသုံးနိုင်သည့်ပမာဏထက်ပို၍ ချေဖျက်နိုင်ခြင်းဖြစ်ပါသည်
ဤစားသုံးနည်းကို စားသုံးနေချိန်အတွင်း ကိုယ်ခန္ဓာအတွင်းရှိအဆီများကို ဖယ်ရှားနေသည့်ကာလဖြစ်သောကြောင့် အရက်၊ ယမကာသောက်ခြင်း မသင့်လျော်ပါ။ ဤဟင်းရည်စားသုံးခြင်းကို အနည်းဆုံး ၂၄ နာရီခွာ၍ ရပ်ပြီးမှ အရက်သုံးဆောင်သင့်ပါသည်။
လူတစ်ဦးစီ၏ အစာချေဖျက်စနစ်မတူညီသောကြောင့် ဤစားသုံးနည်း၏ လူတစ်ဦးစီပေါ် သက်ရောက်မှုမှာလည်း ကွဲပြားနိုင်ပါသည်။ ဤစားသုံးနည်းကိုစတင်ပြီး ရက်အနည်းငယ်အတွင်း သင်၏၀မ်းဗိုက်လှုပ်ရှားမှုအခြေအနေ ပြောင်းလဲခဲ့ပါက bran နှင့် fibre ကိုတစ်ခွက်စာစားသုံးနိုင်ပါသည်။ ဤ (၇) ရက်အတွင်း ဘလက်ကော်ဖီ သုံးဆောင်နိုင်သော်လည်း ကော်ဖီမှ ကဖိန်းဓာတ်ကို မလိုအပ်တော့ကြောင်း (၃) ရက်အကြာတွင်တွေ့ရလိမ့်မည်။

အထူးရှောင်ကြဉ်ရန်

ပေါင်မုန့်၊ အရက်နှင့် ဂက်စ်ပါသော အချိုရည်များကို ရှောင်ရပါမည်။ ရေ၊ အချိုမပါသော လက်ဖက်ရည်၊ ဘလက်ကော်ဖီ၊ အချိုမပါသော အသီးဖျော်ရည်များနှင့် အဆီဖယ်ထုတ်ထားသော နွားနို့တို့ကို သုံးဆောင်နိုင်ပါသည်။ အရေခွံမပါသော ကြက်သားပြုတ် (သို့) ကြက်သားကင်ကို အမဲသားအစား သုံးဆောင်နိုင်ပါသည်။ သင်ပိုမိုနှစ်သက်မည်ဆိုပါက အမဲသားစားရမည့်တစ်ရက်ကို ငါးပြုတ်နှင့် အစားထိုးနိုင်ပါသည်။ နောက်တစ်ရက်မှာတော့ အမဲသားမှာပါတဲ့ ပရိုတင်းဓာတ်ကို သင်လိုပါလိမ့်မည်။
ဤအဆီကျဟင်းရည်ကို ဆာလောင်သည့်အချိန်တိုင်း၊ ကြိုက်သလောက် ထပ်ကာထပ်ကာစားသုံးနိုင်ပါသည်။ ဤဟင်းရည်ကိုစားသုံးခြင်းဖြင့်ကယ်လိုရီမတိုးလာနိုင်ပါ။ များများစားလေ များများ အလေးချိန်ပိုလျော့လေဖြစ်ပါသည်။
မည်သည့်ဆေးဝါးမဆို ဤစားသုံးနည်းအစီအစဉ်ဖြင့် အန္တရာယ်မဖြစ်လာနိုင်ပါ။ သင်လိုသလောက်အချိန် ကာလအထိ ဤအစီအစဉ်ကို အသုံးပြုနိုင်ပါသည်။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သင်ကိုယ်တွေ့ခံစားကြည့်ပါ။

Satred Heart Hospital မှ
ခွဲစိတ်ကုသမှုမခံယူမီ ကိုယ်အလေးချိန်လျင်မြန်စွာကျဆင်းရန် လိုအပ်သော အ၀လွန်လူနာများအတွက် အသုံးပြုသည်။






ပထမနေ့

သစ်သီးများအားလုံး (ငှက်ပျောသီးမှအပ)၊ ပထမနေ့တွင်ငှက်ပျောသီးမှ အပ၊ အခြားသစ်သီးများအားလုံးကို စားသုံးနိုင်ပါသည်။ သခွားမွှေးသီးနှင့် ဖရဲသီးများမှာ အခြားသစ်သီးများထက် ကယ်လိုရီပါဝင်မှု လျော့နည်းပါသည်။ ပထမနေ့တွင်အဆီကျဟင်းရည်နှင့် သစ်သီးများကိုသာ စားသုံးခွင့်ရှိပါသည်။ အချိုမပါသော လက်ဖက်ရည်၊ cranberry juice နှင့်ရေကို သောက်သုံးနိုင်ပါသည်။ (ကျွန်တော့ တုန်းက တော့ .. ဖရဲသီး နှင့် အဲဒီဟင်းရည်နှစ်မျိုးတည်းကို ပဲ သောက်ပါတယ်.. ပထမနေ့မှာ အတော်ခံရခက်ပါလိမ့်မယ်... စိတ်လည်း တိုတတ်ပါတယ်... :) )

ဒုတိယနေ့

ဟင်းသီးဟင်းရွက်များအားလုံး၊ အစိမ်းဖြစ်စေ၊ ကျက်ပြီးသားဖြစ်စေ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်များကို ဗိုက်ပြည့်သည်အထိ စားသုံးနိုင်ပါသည်။ အစိမ်းရောင်ရှိ၊ အရွက်ပါသော ဟင်းရွက်များကို ပို၍စားသုံးသင့်ပါသည်။ ပဲအမျိုးမျိုးနှင့် ပြောင်းဖူးများကိုတော့ ရှောင်ကြဉ်သင့်ပါသည်။ သင်ကြိုက်ရာ ဟင်းသီးဟင်းရွက်နှင့် အဆီကျဟင်းရည်ကိုတွဲဖက်၍ ညစာအတွက်သုံးဆောင်ပါ။ ကင်ထားတဲ့ အာလူးကြီးတစ်လုံးကို ထောပတ်နှင့်ရောပြီး တစ်ခါစားသုံးခွင့်ရှိပါသည်။ ဒုတိယနေ့မှာ အဆီကျဟင်းရည်ကို ကြိုက်သလောက်စားသုံးခွင့်ရှိပါသည်။ သစ်သီးစားခွင့်တော့မရှိပါ။ (ကန်စွန်းရွက် ဂေါ်ဖီထုတ် စတာတွေကို နည်းမျိုးစုံနဲ့ ကြော်စားခဲ့ပါတယ်... ဆီကို ပါလေ့ရုံ အနံ့ကလေး လောက်ထည့်ပြီးရေနဲ့ ကြော်ပါ...... အဆင်ပြေပါလိမ့်မယ်. .... သူတို့ ကတော့ ဘိုစာဆိုတော့ အာလူးကင်ပေါ့လေ... ကျွန်တော်ကတော့ နီးနီးနားနား အဆင်ပြေတဲ့ ကိုရီးယားထမင်းလိပ်တစ်ပွဲဝယ်စားလိုက်ပါတယ်.. အဓိက ကစိဓာတ်ပါတာချင်းတူတူပဲလေ... . )

တတိယနေ့

ပထမနေ့နှင့် ဒုတိယနေ့ကို ရောပြီးစားပါ။ သင်ကြိုက်သလောက် အဆီကျဟင်းရည်၊ သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များကို စားသုံးခွင့်ရှိပါသည်။ အာလူးပြုတ်ကိုတော့ စားခွင့်မရှိပါ။

စတုတ္ထနေ့

ငှက်ပျောသီးနှင့် အဆီထုတ်ထားသော နွားနို့၊ အဆီကျဟင်းရည်နှင့် တွဲဖက်စားသုံးတဲ့အခါမှာ ငှက်ပျောသီးကို (၈) လုံးအထိ စားခွင့်ရှိပြီး အဆီထုတ်ထားတဲ့နွားနို့ကိုတော့ ကြိုက်သလောက် သောက်ခွင့်ရှိပါ သည်။ ငှက်ပျောသီးနှင့် နွားနို့မှာ ကယ်လိုရီနှင့် ကာဗိုဟိုက်ဒြိတ်အများအပြားပါဝင်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ အချိုကိုတောင့်တစိတ်တွေ လျော့ကျသွားစေဖို့ အတွက် ပိုတက်ဆီယမ်၊ ကာဗိုဟိုက်ဒြိတ်၊ ပရိုတင်းနှင့် ကယ်(လ)စီယမ်တို့ကို သင့်ခန္ဓာကိုယ်က လိုအပ်ပါသည်။
(အဆီထုတ်ထားတဲ့ နွားနို့ ရှာမတွေ့နိုင်ခဲ့တာကြောင့် .... ငှက်ပျော်သီး ရှစ်လုံးကို မနက်စာအဖြစ် စားပြီး .. နေ့လည် နဲ့ ညနေကို အရွက်ကြော်ပဲစားခဲ့ပါတယ်... သူမှာတဲ့အတိုင်းတော့ မစားဖြစ်ခဲ့ပါဘူး)




ပဉ္စမနေ့

အမဲသားနှင့်ခရမ်းချဉ်သီး။ ၁၀-၂၀ အောင်စရှိတဲ့ အမဲသားကို လတ်ဆတ်တဲ့ ခရမ်းချဉ်သီး (၆)လုံး လောက်အထိတွဲပြီးစားသုံးနိုင်ပါသည်။ ခန္ဓာကိုယ်မှာရှိတဲ့ urine acid ကိုဆေးချဖို့အတွက် အနည်းဆုံးရေ (၈) ခွက် သောက်ပေးပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခါလောက်တော့ စားသုံးဖို့လိုပါတယ်။
(ကြက်သားကို ပြုတ်လိုက်ပြီး .... ခရမ်းချဉ်သီးနဲ့ တွဲစားပါတယ်.... ညနေဗိုက်ဆာတော့လည်း ခရမ်းချဉ်သီးပဲစားပါတယ်...... )

ဆဌမနေ့

အမဲသားနှင့် ဟင်းသီးဟင်းရွက်များ။ ဒီနေ့အတွက်တော့ သင်ဆန္ဒရှိသလောက် အမဲသားနှင့် ဟင်းသီးဟင်းရွက်တွေ ရောပြီးစားသုံးနိုင်ပါတယ်။ အရွယ်တော်အသားတုံး (၆)တုံး လောက်အထိကို အရွက်ပါတဲ့ ဟင်းရွက်နှင့်တွဲပြီး စားသုံးနိုင်ပါတယ်။ အာလူးကင်ကိုတော့ စားခွင့်မရှိပါ။ အဆီကျဟင်းရည်ကို အနည်းဆုံးတစ်ခေါက်လောက်တော့ သောက်ဖြစ်အောင်ဂရုစိုက်ပြီး သောက်ပါ။
(ပျော်စရာကောင်းတဲ့နေ့ပါပဲ ... ကြက်ကင် တစ်ခြမ်းဝယ်လိုက်ပြီး မနက်ညကို အရွက် တစ်မျိုးမျိုးနဲ့ တွဲကြော်ပြီး စားလိုက်တယ်.... ညနေဗိုက်ဆာတော့ ခရမ်းချဉ်သီးပဲစားပါတယ်...)


သတ္တမနေ့

ဆန်လုံးညို၊ အချိုမပါသော သစ်သီးရည်များနှင့် ဟင်းသီးဟင်းရွက်များ။ ဒီ (၃) မျိုးကိုလည်း ကြိုက်သလောက် စားနိုင်ခွင့်ရှိပါတယ်။ အဆီကျဟင်းရည်ကို လည်း မမေ့မလျော့ အနည်းဆုံးတစ်ခေါက်လောက် သုံးဆောင်ပေးပါ။

(သစ်သီးရည်က ရှာရခက်တာကြောင့် .... သစ်သီးနဲ့ အရွက်ကြော်ကို တတိယနေ့ ကစားသလိုပဲစားခဲ့ပါတယ်..)

(၇) ရက် ပြည့်ပြီး၊ သင့်ဘက်ကလည်း အညွှန်းအတိုင်း အတိအကျ လိုက်နာခဲ့တယ်ဆိုရင် (၁၀) ပေါင်ကနေ (၁၇) ပေါင် အထိ အလေးချိန်လျော့ကျပြီး ဖြစ်နေပါလိမ့်မယ်။ အကယ်၍ (၁၇) ပေါင်ထက်ပိုပြီး ကျသွားခဲ့တယ်ဆိုရင်တော့ ဒီစားသုံးနည်းကို နောက်တစ်ခါ ပထမနေ့ကပြန်မစခင် အနည်းဆုံး (၂) ရက် ရပ်ထားလိုက်ပါ

(တစ်ပါတ်ပြည့်တဲ့ အခါ ကိုးပေါင်တိတိကျပါတယ်.... ဒါက ဒီကြားထဲမှာ ကျွန်တော် တို့ ဟူးကြော်နည်းနည်းစားလိုက်တာ ပါလိမ့်မယ်ထင်ပါတယ်... နောက်မုန့်ဟင်းခါး တစ်ပွဲလည်း စားမိပါတယ်.. ကဲ ချစ်လှစွာသော သူငယ်ချင်းမိတ်ဆွေပရိသတ်များ လည်း တစ်ပါတ်လောက်စမ်းကြည့်စေချင်ပါတယ်.... အဆင်ပြေမှာပါ.... အစပိုင်းမှာ အနည်းငယ်ဒေါသကြီးပြီး နောက်ပိုင်းတော့ အသားကျလာမှာပါ.... အောင်မြင်ကြပါစေဗျာ.... )

(ဒီ diet program ကို ကျားမ မရွေးလုပ်နိုင်ပါတယ်... မိန်းမပုံပဲပြထားလို့ ယောက်ကျားတွေ လုပ်လို့ မရဘူးထင်မှာစိုးလို့ပါ)

မေတ္တာ သက်သက်ဖြင့်